နောက်ခံသမိုင်းကျောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)သည် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် စက်မှုလက်မှုအထက်တန်း ကျောင်းအဖြစ် စတင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် စက်မှုလက်မှုသိပ္ပံအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်နေ့တွင် နည်းပညာတက္ကသိုလ်သို့ အဆင့်တိုးမြင့် ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင် အဓိက ဘာသာရပ်ကြီး ငါးခုဖြစ်သော အဆောက်အဦနည်းပညာသင်တန်း၊ အီလက်ထရောနစ်နည်းပညာသင်တန်း၊ လျှစ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာသင်တန်းများကို သင်ကြားပေးလျက်ရှိသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်၍ ကာလတိုသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ရည်မှန်းချက်

(က) နိုင်ငံသားတိုင်းသက်မွေးပညာသင်ယူနိုင်မည့်အခွင့်အလမ်းရရှိစေရေးဦးတည်ဆောင်ရွက်ရန်။

(ခ) နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်းဝင်ငွေ မြင့်မားရေးကိုသက်မွေးပညာဖြင့် အထောက်အကူပြုရန်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၏ မျှော်မှန်းချက်

(က) နည်းပညာနှင့် သက်မွေးပညာကို သင်ယူလိုသူတိုင်းအတွက် လေ့လာသင်ကြားခွင့် ရရှိစေရန်။

(ခ) လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများ လေ့ကျင့်သင်ကြားပေးရန်နှင့်

(ဂ) ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော စက်မှုကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်။

 

 

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
ဦးထင်အောင်ညွန့်BE (EP)၂၀၀၉ မှ ၂၀၁၀
ဉီးလင်းကိုကိုမြတ်ME (EP)၂၀၁၁ မှ ၂၀၁၅
Dr. ချိုယုမွန်Ph.D (Chemical)၂၀၁၅ မှ ၂၀၂၁
Dr. နန်းမိုးမိုးကြည်Ph. D (EP)၂၀၂၁ မှ ၂၀၂၃
ဦးသိန်းထိုက်စိုးME (EP)၂၀၂၃ မှ ယနေ့ထိ